Intermediate
A/V- (으)ㄴ/는 탓에 (မကောင်းတဲ့ အကျိုးဆက်ကို ဖြစ်စေတဲ့ အကြောင်းအရင်း)
ရှင်းလင်းချက်
"탓" ဆိုတဲ့ စကားလုံးဟာ အခြေခံအားဖြင့် မကောင်းတဲ့ ကိစ္စရက်တစ်ခု ဖြစ်ပျက်ရတဲ့ အပြစ်၊ အကြောင်းအရင်း ဒါမှမဟုတ် အပပြစ်ဖို့စရာ အကြောင်းတရားကို ဆိုလိုပါတယ်။ ဒါကြောင့် -(으)ㄴ/는 탓에 ဆိုတဲ့ သဒ္ဒါပုံစံကို ရှေ့က အကြောင်းအရင်းကြောင့် နောက်ဝါကျမှာ စိတ်ပျက်စရာ၊ အဆင်မပြေတာ ဒါမှမဟုတ် မကောင်းတဲ့ အကျိုးဆက်တစ်ခုခု ဖြစ်ပေါ်လာရတယ်လို့ အကြောင်းပြချက်ပေးပြီး ပြောချင်တဲ့ အခါ အသုံးပြုပါတယ်။ မြန်မာလို ဆိုရင်တော့ " -တဲ့ အတွက်ကြောင့်/ - တဲ့ အပြစ်ကြောင့် ( ရလဒ်မကောင်းတာ ဖြစ်ရတယ်) " ဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်ပါတယ်။ နမူနာ ဝါကျများ 1. 동호 씨는 컴퓨터게이믈 늦게까지 하는 탓에 지각을 경우가 많다. ဒုန်းဟိုက ကွန်ပြူတာဂိမ်းကို နောက်ကျတဲ့အထိ ဆော့တဲ့အတွက်ကြောင့် ကျောင်းခဏခဏ နောက်ကျတယ်။ 2. 어제 술을 많이 마신 탓에 오늘 아침에 머리가 아팠어요. မနေ့က အရက်အများကြီး သောက်လိုက်သောကြောင့် ဒီနေ့ မနက် ခေါင်းကိုက်နေခဲ့တယ်။ 3. 장마철인 탓에 비가 자주 온다. မိုးတွင်းကာလ ဖြစ်သောကြောင့် မိုးခဏခဏ ရွာတယ်။ သိထားရမည့် အချက်များ ဒီ သဒ္ဒါကို နာမ်တွေရဲ့ အနောက်မှာ ဆိုရင် N- 탓에 လို့ တိုက်ရိုက် တွဲသုံးနိုင်သလို့ ၊ ဝါကျရဲ့ အဆုံးသတ်မှာဆိုရင်လည်း "A/V - (ㅇ)ㄴ/는 탓에 (-တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်) ဆိုတဲ့ ပုံစံမျိုးနဲ့လည်း ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ 날씨가 더운 탓에 밤에 잠을 못 자는 사람들이 많아요. 더운 날씨 탓에 밤에 잠을 못 자는 사람들이 많아요. ရာသီဥတုက ပူတဲ့အတွက် ညဆိုရင် အိပ်မပျော်နိုင်တဲ့ လူတွေ အများကြီးရှိတယ်။ 그 배우가 폐암에 걸린 것은 담배를 많이 피운 탓입니다. 그 배우는 담배를 많이 피운 탓에 폐암에 걸렸습니다. အဲ့ဒီ မင်းသား အဆုတ်ကင်ဆာ ဖြစ်ရတာက ဆေးလိပ်အများကြီး သောက်ခဲ့တဲ့ အပြစ်ကြောင့် ဖြစ်ပါတယ်။ ဒုတိယအချက် (အရေးကြီးဆုံး သတိပြုရန်) '-(으)ㄴ/는 탓에' ကို ရလဒ်မကောင်းတဲ့ နေရာမျိုးမှာပဲ သုံးရတာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ကအကြောင်းရင်းကြောင့် နောက်မှာ ရလဒ်ကောင်းတွေ အဆင်ပြေတာတွေ ဖြစ်လာရင် ဒီသဒ္ဒါကို သုံးလို့မရပါဘူး။ ရလဒ်ကောင်းတဲ့ အခါမျိုးမှာတော့ '-덕분에' (~ကျေးဇူးကြောင့်) သို့မဟုတ် '-기 때문에' (~အတွက်ကြောင့်) ကိုပဲ သုံးရပါမယ်။ 친구들이 도와준 탓에 한국 생활을 잘할 수 있었어요. (X) -> သူငယ်ချင်းတွေ ကူညီပေးတဲ့အပြစ်ကြောင့် ကိုရီးယားမှာ အဆင်ပြေပြေ နေနိုင်ခဲ့တယ်လို့ ပြောရင် ဝါကျအဓိပ္ပာယ် မှားယွင်းသွားပါတယ်။ 친구들이 도와준 덕분에 / 도와줬기 때문에 한국 생활을 잘할 수 있었어요. (O) -> သူငယ်ချင်းတွေ ကူညီပေးခဲ့တဲ့ ကျေးဇူးကြောင့် ကိုရီးယားလူနေမှုဘဝမှာ ကောင်းကောင်း အဆင်ပြေပြေ နေထိုင်နိုင်ခဲ့ပါတယ်။
ပေါင်းစပ်မှု ဇယား
| -(으)ㄴ/는 탓에 | -(으)ㄴ/는 탓에 | (으)ㄴ/는 탓에 | (으)ㄴ/는 탓에 | (으)ㄴ/는 탓에 |
|---|---|---|---|---|
| A | 과거 | -았/었던 탓에 | 비싸다 | 비쌌던 탓에 |
| A | 현재 | -(으)ㄴ 탓에 | 높다 | 높은 탓에 |
| V | 과거 | -(으)ㄴ 탓에 | 가다 | 간 탓에 |
| V | 현재 | -는 탓에 | 먹다 | 먹는 탓에 |
| N이다 | 과거 | 였던 탓에 , 이었던 탓에 | 중고이다 | 중고였던 탓에 |
| N이다 | 현재 | 인 탓에 | 학생이다 | 학생인 탓에 |
ဥပမာစာကြောင်းများ
A: 양강 씨가 오늘도 서류 하나를 빠뜨리고 왔다면서요? B: 네, 성격이 급한 탓에 실수가 잦은 것 같아요.
ယန်ကန်းက ဒီနေ့လည်း စာရွက်စာတမ်းတစ်ခု ကျန်ခဲ့တယ်ဆိုတာ ဟုတ်လား။ ဟုတ်ပါတယ်၊ စိတ်စောတတ်တဲ့ စရိုက်ကြောင့် အမှားခဏခဏ ဖြစ်တတ်တဲ့ပုံပဲ။
A: 비가 정말 많이 오네요. B: 비가 많이 오는 탓에 한강 다리 몇 개가 통제되었대요.
မိုး တကယ်အများကြီး ရွာနေတာပဲ။ မိုးအများကြီးရွာတဲ့ အတွက်ကြောင့် ဟန်မြစ်တံတား တချို့ကို ပိတ်ထားတယ်လို့ ပြောတယ်။
A: 요즘 취직하기가 어려운 것 같아요. B: 그건 경제가 안 좋은 탓이겠지요.
ဒီရက်ပိုင်း အလုပ်အကိုင်ရှာရတာ ခက်ခဲတဲ့ပုံပဲ။ အဲဒါကတော့ စီးပွားရေးမကောင်းတဲ့ အချက်ကြောင့် ဖြစ်မှာပါ။
No lessons in this topic yet.