Beginner

Beginner

N은/는

ရှင်းလင်းချက်

ကိုရီးယားစာမှာ 은 နဲ့ 는 ကို ဝါကျတစ်ခုရဲ့ အဓိက အကြောင်းအရာ (Topic) က ဘာလဲဆိုတာကို ပြသဖို့ သုံးပါတယ်။ အင်္ဂလိပ်လိုဆိုရင် "as for..." ဒါမှမဟုတ် "regarding..." (...နဲ့ ပတ်သက်ပြီး ပြောရရင်တော့) လို့ အဓိပ္ပာယ်ရပါတယ်။ သူတို့ကို အဓိက အသုံးပြုတဲ့ ပုံစံ (၃) မျိုး ရှိပါတယ် - ၁။ အခြေခံစည်းမျဉ်း - သရသံ နှင့် ဗျည်းသံ (အသတ်ပါခြင်း၊ မပါခြင်း) နာမ်သည် သရသံဖြင့် ဆုံးလျှင် - စကားလုံးရဲ့ အဆုံးသတ်မှာ အသတ်မပါရင် 는 ကို သုံးပါ။ (ဥပမာ - 저 [ကျွန်တော်/ကျွန်မ] + 는 ➔ 저는 [ကျွန်တော်/ကျွန်မ ကတော့...]) နာမ်သည် ဗျည်းသံဖြင့် ဆုံးလျှင် - စကားလုံးရဲ့ အဆုံးသတ်မှာ အသတ်ပါရင် 은 ကို သုံးပါ။ (ဥပမာ - 직업 [အလုပ်အကိုင်] + 은 ➔ 직업은 [အလုပ်အကိုင် ကတော့...]) ၂။ သိပြီးသား အကြောင်းအရာကို ပြန်ပြောခြင်း (Old Information) စကားဝိုင်းမှာ အရင်က ပြောဖူးပြီးသား ကိစ္စတွေ၊ ဒါမှမဟုတ် ပြောသူရော နားထောင်သူပါ နှစ်ဦးစလုံး သိပြီးသား အကြောင်းအရာဟောင်းတွေကို ပြန်ပြောတဲ့အခါ 은/는 ကို သုံးပါတယ်။ (ဥပမာ - "저는 작년에 뉴욕에 갔어요. 뉴욕은 정말 아름다웠어요. " (ကျွန်တော် မနှစ်က နယူးယောခ့်ကိုသွားခဲ့တယ်။ နယူးယော့ခ်က တကယ်ကို လှတယ်။) — ပထမဝါကျမှာ နယူးယောက်ကို မိတ်ဆက်ပြီးသွားပြီဖြစ်လို့၊ ဒုတိယဝါကျမှာ သိပြီးသား အကြောင်းအရာဟောင်း အနေနဲ့ 은 ကို ကပ်သုံးထားတာ ဖြစ်ပါတယ်။) ၃။ နှိုင်းယှဉ်ခြင်း သို့မဟုတ် ခြားနားချက်ကို ပြခြင်း (Comparing or Contrasting) အရာနှစ်ခုကို နှိုင်းယှဉ်ချင်တဲ့အခါ၊ ဒါမှမဟုတ် ကွာခြားချက်ကို ပြချင်တဲ့အခါမှာ 은/는 ကို အများဆုံး သုံးလေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် သူတို့ကို ကတ္တား (Subject) တွေမှာတင်မကဘဲ ကံပုဒ် (Object) တွေ၊ နေရာပြ စကားလုံးတွေ အနောက်မှာပါ ကပ်ပြီး သုံးနိုင်ပါတယ်။ ကတ္တားကို နှိုင်းယှဉ်ခြင်း - 에릭은 미국 사람이에요. 준호는 하국 사람이에요. အဲရစ်က အမေရိကန်လူမျိုးဖြစ်ပြီး ဂျွန်ဟိုကတော့ ကိုရီးယားလူမျိုး ဖြစ်ပါတယ်။ (에릭은... 준호는...) ကံပုဒ်ကို နှိုင်းယှဉ်ခြင်း - 저는 축구는 좋아해요. 그렇지만 야구는 안 좋아해요. ဘောလုံးကစားတာကိုတော့ ကြိုက်တယ်၊ ဒါပေမယ့် ဘေ့စ်ဘောကိုတော့ မကြိုက်ဘူး။ (축구는... 야구는...) နေရာကို နှိုင်းယှဉ်ခြင်း -서울에는 눈이 왔어요. 부산에는 눈이 오지 않았어요. ဆိုးလ်မှာတော့ နှင်းကျတယ်၊ ဘူဆန်မှာတော့ နှင်းမကျဘူး။ (서울에는... 부산에는...)

ပေါင်းစပ်မှု ဇယား

အသတ်မပါသော Noun + 는အသတ်မပါသော Noun + 은
소냐는 겨울을 좋아해요.제이슨은 의사예요.
제주도는 섬이에요.서울은 한국에 있어요.

ဥပမာစာကြောင်းများ

  • A: 부모님 직업이 뭐예요? B: 아버지는 회사원이에요. 그리고 어머니는 선생님이에요.

    မိဘတွေရဲ့ အလုပ်အကိုင်က ဘာများလဲ။ အဖေကတော့ ကုမ္ပဏီဝန်ထမ်းပါ။ ပြီးတော့ အမေကတော့ ဆရာမပါ။

  • A: 도쿄가 어때요? B: 도쿄는 많이 복잡해요.

    တိုကျိုမြို့က ဘယ်လိုနေလဲ။ တိုကျိုမြို့က တော်တော်လေး ရှုပ်ထွေးတယ်။

  • A: 안녕하세요? 저는 댄입니다. B: 안녕하세요? 저는 캐럴이에요. 미국 사람이에요.

    မင်္ဂလာပါ။ ကျွန်တော်ကတော့ ဒန် ပါ။ မင်္ဂလာပါ။ ကျွန်မကတော့ ကယ်ရယ်လ် ပါ။ အမေရိကန်နိုင်ငံသား ဖြစ်ပါတယ်။

    No lessons in this topic yet.